နောက်ဆုံးတည်သီး
(၁) သူ လဲလျောင်းနေသည့် အခန်းငယ်သည် ပကတိ တိတ်ဆိတ် ငြိမ်သက်နေလေ၏။ အသံဗလံဟူ၍ သူ့ အသက်ရှုသံ ခပ်ပြင်းပြင်းမှ အပ အပ်ကျသံပင် မကြားရ။ ဤဆိတ်ငြိမ်မှုသည် သူ့စိတ်ကို တုန်လှုပ်ခြောက်ခြားစေ၏။ သူ့နှလုံးအိမ်ကို ညှိုးနွမ်းအားငယ်စေ၏။ သူ့အတွေးရေပြင်ကို ဘောင်ဘင်ခတ်စေ၏။ ထိုအခိုက်တွင် နွေဦးကာလ၌ တိုက်ခတ်လေ့ရှိသော လေပွေရူးကဲ့သို့ ဆောက်တည်ရာ မရ ဖြစ်နေသည့် အတွေးစိုင် အရှုပ်အထွေး တစ်ခုသည် သူ့ ထံပါးသို့ ရုတ်ခြည်း ချဉ်းကပ်လာလေ၏။ “ဖွင့်ပြောလိုက်ရင် ကောင်းမလား” ဟု သူ စဉ်းစားမိသည်။ မဟာသမုဒ္ဒရာ အောက်ခြေရှိ အသူတစ်ရာ စောက်သော ချောက်နက်ကြီးထက်ပင် သာ၍ နက်ရှိုင်းသည့် သူ၏ ချစ်ခြင်းတရားကို မြတ်နိုးရသူအား သိစေချင်သည်မှာ အမှန်ပင် ... Continue Reading