မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း (အပိုင်း ၁)
  ကလေးဘ၀နဲ့ဓါတ်ရှင်   (၁) (ဓါတ်ရှင်=ဘိုင်စကုပ်=ပစ်ချာ……….ဘယ်လိုခေါ်ခေါ် တကယ်တော့ရုပ်ရှင်)   တစ်ရက် ကျနော် နန်းရှေ့က ပြန်လာတော့ မင်္ဂလာတံတားမီးပွိုင့်မှာ မီးနီမိလို့ ခဏ ရပ်စောင့်နေရပါတယ်။ အဲဒီအချိန် လမ်းဟိုဘက်ခြမ်း ဆိုင်ကယ်နောက်မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်က လှမ်းရယ်ပြတာကို တွေ့လိုက်တော့ အလိုက်သင့် ပြန်ရယ်ပြလိုက်ပါတယ်။ ခက်တာက သူဘယ်သူဆိုတာ သေသေချာချာ မမှတ်မိတာပါဘဲ။ အမြဲ တွေ့နေမြင်နေကျ မဟုတ်တာလဲ ပါပါတယ်။ ဆိုင်ကယ်သာ မောင်းနေတာ စိတ်ကတော့ သူဘယ်သူလဲဆိုတာ စဉ်းစားနေမိပါတယ်။ အသားလေးက ဖြူဖြူ၊ လူက ပိန်ပိန်၊ မျက်နှာလေးက သွယ်သွယ်။ ပြုံးလိုက်ရင် သွားတက်ကလေးနဲ့။ သွားတက်ကလေးကိုမြင်မှ သူဘယ်သူလဲဆိုတာကို ပြန်သတိရပါတယ်။ ၀င်းလိုက်ရုပ်ရှင်ရုံနားက စက်ဘီးအပ် လက်ခံတဲ့အိမ်က ကောင်မလေးပေါ့။   အခုတော့ သူလဲ လူလတ်ပိုင်း အသက်အရွယ်။ ... Continue Reading