ဦးဘညွန့်ရဲ့ ချစ်ဒုက္ခ
httpv://youtu.be/L3_rh-kgPYg   ခုတလော (မ)ရွှေစင်ဦး ၀က်ဘ်ဆိုက်မှာ ဆရာဦးသုခအကြောင်း အမှတ်တရစာတွေ ဖတ်နေရတော့ ဦးသုခရဲ့ “လှမဉ္ဇူ” သီချင်းကို မျက်ရှုကနေပြီး ဖွင့်ပြဖို့ ကြံသေးတယ်။ ဒီကြားထဲ အေ၀မ်းတင်မောင်ရဲ့ ဘရဏီနဲ့ သုံးပန်လှ လေးကိုလည်း ကြားစေချင်၊ မေသန်းရဲ့ သီချင်းသစ်လေးကိုလည်း တင်ပေးချင်နဲ့ ဗျာများလိုက်သေးရဲ့။ တကယ်တော့ ဒီသီချင်းတွေကို ယူကျုမှာ တင်ထားပြီးပါပြီ။ ကိုယ့်အမိမြေမှာ ယူကျုကို ပိတ်ထားတော့ အပြင်ရောက်တုန်း ရောက်ခိုက်မှ စုပြီး တင်ထားရတယ်။ ဒါပေမယ့် သီချင်းနဲ့ ပတ်သက်တဲ့အကြောင်းတွေ ရွှီးချင်သေးလို့ ကိုယ်ရေးမယ့် စာနဲ့ ကိုက်တဲ့ သီချင်းတွေကိုပဲ ပရိသတ် ကြည့်ခွင့် မြင်ခွင့်ရအောင် ဖန်တီးထားပါတယ်။   လောလောဆယ်တော့ အထက်က သီချင်းတွေဆီကနေ ရုတ်တရက် အာရုံပြောင်းပြီး နားထောင်ဖြစ်နေတဲ့ ... Continue Reading