Updates
ချမ်းသာခြင်းအား မျှဝေပေးပါ (၁)
ဆည်းဆာအလှ ခြယ်မှုန်းသူများ လေလွင့်ကလေးငယ်တွေ၊ မိဘမဲ့ကလေးတွေ၊ စွန့်ပစ်ခံကလေးတွေ၊ သူတို့ ၀မ်းစာအတွက် အရွယ်နဲ့မမျှအောင် ရုန်းကန်နေရတဲ့ ကလေးတွေကို မြင်တိုင်း ကျွန်မ ငယ်ငယ်တုန်းက တွေးခဲ့ဖူးတာလေးကို သတိရပါတယ်။ အဲဒါကတော့ ကိုယ့်ချွေးနည်းစာနဲ့သာ လူမှုဂေဟာတခုခုမှာ ရွေးချယ်ပြီး လှူဒါန်းခွင့်ရမယ်ဆိုရင် ဘိုးဘွားရိပ်သာမှာထက် မိဘမဲ့ကလေးကျောင်းတွေ၊ ဒါမှမဟုတ် လူငယ်ပြုပြင်ရေးသင်တန်းကျောင်းတွေမှာပဲ လှူမယ်ဆိုတဲ့ အတွေးပါပဲ။ ...
ဝတ္ထုရေးနည်း နိဿရည်း
စာရေးဆရာကြီး ကျော်အောင်စံထားသည် ကလောင်ကို သွေး၍ နေလေသည်။ သူသည် နှစ်ကျပ်တန် လုံးချင်းဝတ္ထုတစ်ပုဒ်ကို ထိပ်သီး စာပေဖြန့်ချိရေး ပုံနှိပ်ဌာနမှ တစ်ဆင့် ရေးသား ပုံနှိပ် ထုတ်ဝေ ရောင်းချပြီး ဖြစ်သည်။ စာအုပ်တွင် ပထမနှိပ်ခြင်း ၂၀၀၀ ဟု ဖော်ပြပါရှိသည်။ ထို ၂၀၀၀ မှာ ပုံနှိပ်ပြီးသည်နှင့် တစ်ပြိုင်နက် ...
သူနဲ့ကိုယ်နဲ့ ချည်တဲ့ကြိုး
ကင်းဘတ်စပေါ် ဆက်တိုက်ကျနေတဲ့ သူ့လက်တွေက ခပ်ကြမ်းကြမ်း စုတ်ချက်တွေကို ဖန်တီးနေမှန်း ကိုကျော်ဝေ သိတာပေါ့။ ဒါပေမယ့် မတားချင်ဘူး။ ပြေးစမ်း ၊ ဆွဲစမ်း ဆိုပြီးကို လွှတ်ထားလိုက်တယ်။ စိတ်ထဲက မကျေနပ်ချက်တွေကို လက်ပေါ်တင်ပေးလိုက်ပြီး စုတ်တံကို အသက်သွင်းလိုက်တဲ့အခါမှာ သူတစ်ခါမှ မရဘူးတဲ့ ပန်းချီကားတစ်ချပ် ရုပ်လုံးပေါ်လာတော့တယ်။ သူ့အရှေ့မှာ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ...
မြန်မာပြည်ဇာတ်လမ်း ရိုက်သမျှကို
ခုတလော နာမည်ကြီးနေတဲ့ The Lady ကို အခါအခွင့်သင့်လို့ ကြည့်ရတော့ မြန်မာပြည်အကြောင်း၊ ဒါမှမဟုတ် မြန်မာပြည်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းတွေအကြောင်းကို ရှာဖွေကြည့်မိပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တချို့ကိုတော့ http://www.britishpathe.com/ နဲ့ ယူကျုပေါ်ကနေတဆင့်လည်း ရှာဖွေကြည့်နိုင်ပါတယ်။ British Pathe မှာတော့ ဒုတိယကမ္ဘာစစ်အတွင်း မှတ်တမ်းကားတွေကို ပိုပြီး ...
ဒီကလိုဖီးနစ် နာမည်ကိုတော့ မေ့မပစ်ပါနဲ့
ဒုံးပျံဟာ အိတ်ကပ်ထဲကို အလွယ်တကူပဲ ရောက်လာတယ် ခင်ဗျားဘက်က မခံနိုင်တော့လို့ မရပ်နိုင်အောင် ဖြစ်လာတဲ့အခါ အဘိုးကင်အတွက် မြေးလည်းကင်က အဖေကင်လိုပဲ ခင်ဗျားလည်း ကိုယ့်ကိုကိုယ် ကမ္ဘာပတ် လမ်းကြောင်းထဲ တင်လွှတ်ကြည့်ပေါ့ လွှတ်တင်ကြည့်ပေါ့ လွှတ်ကြည့်ပေါ့ ဒါကလည်း မိုးလေ၀သ ကိစ္စတစ်ခု မဟုတ်လား အရိုးမြေကျသွားတာ မဟုတ်ပါဘူး အရိုးပြာကျသွားတာပါ ဟုတ်တယ်လေ နေက ၀င်သွားတယ် နေက ၀င်သွားတယ်ဗျာ ဒီနေရာကနေ ၀င်သွား ခင်ဗျာ အပူတွေတော့ ကျမသွားဘူး ရေမှန်မှန် ...
၂၈
ဘဝဟာ ပြဋ္ဌာန်းပြီးသား စာအုပ်ဆိုရင် နောက် ဗားရှင်းတအုပ် ရေးလိုက်ပါ ...။ ပုံသေနည်းတွေထဲ ယုံနေလို့လည်း မပြီးဘူး ငုံနေတဲ့ပန်းတွေ ပွင့်အောင် ယုံကြည်ရည်မှန်းချက်တွေ သွန်လောင်းလိုက် ...။ စိတ်နဲ့ ရုပ် အတိတ်နဲ့ ပစ္စုပ္ပန်မှာ အရိပ်နဲ့ ပုပ်ဆွေးနေမယ့်အစား တိတ်ဆိတ်နေတဲ့ အနာဂတ်တံခါးတွေ မင်း .. ဆွဲဖွင့်လိုက် ...။ သင်ကာ ဧပြီ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်
သမိုင်းဘီးလား ပဒိုင်းသီးလား
ရေးသူ - မောင်ခိုင်မာ လိုချင်သည်ဖြစ်စေ… ငြိုင်ငြင်သည်ဖြစ်စေ…. သည်နေရာ ဇာတိမြေသို့ သူ.. လာမိချေပြီကော တဏှာအညှိ ထူရာတောမှာ ဘာမသိ ညာမသိနဲ့ လာမိသူ ချူချာမောပြီပေါ့ သောက အနာတရတွေနဲ့ ဘောဂ ရှာမရသူတွေလည်း ရှိရဲ့ လောကီခရီး အလိမ်လိမ်မှာ ဘောဂီ စည်းစိမ်တွေကို ခံစားပြီး ဘောဂ သမ္ပတ္တိ ဂုဏ်ပုဒ်နဲ့ ပစ္စည်းဥစ္စာ ပြည့်စုံသူတွေလည်း ရှိရဲ့ မရှိမဲ့မဲ့ ရှိမဲ့မဲ့ကြောင့် မရှိ တောင့်တ ရှိကြောင့်ကြကြောင့် မရှိ ဘေးထွက် ရှိ သွေးပျက်ရ မရှိ ညှိုးမှိန် ...
ဘ၀ဂ်လုံး ဂျိုးဂျိုးခြိမ့်၊ ဒိုးဒလိမ့် ပြန့်ကျဲအောင်
(၁) “ဘိုးတော်သိကြား” ဟူ၍လည်းကောင်း၊ “ဣန္ဒနတ်” ဟူ၍လည်းကောင်း၊ “ကသစ်ဘုန်းခေါင်” ဟူ၍လည်းကောင်း အထူးထူးသော အမည်နာမတို့ဖြင့် ခေါ်ဆိုအပ်ပေသော သိကြားမင်း ဦးမာဃသည် မယားကိစ္စ အလွန်စွမ်းသူ ဖြစ်ကြောင်းကို ရှေးရိုးစဉ်လာ ဇာတက ပုံပြင်တို့ဖြင့် ကြီးပြင်းလာသူ မြန်မာလူမျိုးတိုင်း ကောင်းစွာ သိကြကုန်၏။ ဘိုးတော်နတ်သံတွင် “မေရုငယ်မှ ပဟိုရ် မြင်းမိုရ်ထိပ်မှာ ...





